Posts

ပူစီနံစားခြင်း၏ အကျိုးကျေးဇူးများ

Image
 ပူစီနံစားခြင်း၏ အကျိုးကျေးဇူးများ ( Health Benefits of Mint Leaves / Pudina ) ပူစီနံစားရင် ဘာအကျိုးကျေးဇူးရှိလဲ ဆိုတာကို လူအများစိတ်ဝင်စားလာကြပြီး ကျန်းမာရေးအတွက် သဘာဝနည်းလမ်းရှာဖွေသူများအတွက် အရေးကြီးတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ ပူစီနံ ( Mint Leaves / Pudina ) ကို မြန်မာရိုးရာအစားအစာများ၊ ဆေးဖက်ဝင်နည်းလမ်းများတွင် အသုံးပြုလာကြပြီး ကိုယ်ခန္ဓာအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ ပူစီနံဆိုတာဘာလဲ (What is Mint Leaves?) ပူစီနံသည် Mentha မျိုးရင်းဝင် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အနံ့အရသာလန်းဆန်းခြင်း Menthol ပါဝင်ခြင်း Antioxidant များ ကြွယ်ဝခြင်း တို့ကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါသည်။ ပူစီနံစားခြင်း၏ အဓိကအကျိုးကျေးဇူးများ ၁။ အစာချေစနစ်ကို ကောင်းမွန်စေသည် ပူစီနံတွင်ပါဝင်သော Menthol သည် အစာမကြေခြင်း ဝမ်းဗိုက်ဖောင်းခြင်း ဝမ်းချုပ်ခြင်း တို့ကို သက်သာစေပြီး အစာချေမှုကို မြန်စေပါသည်။ 👉 ပူစီနံစားရင် အစာချေကောင်းမလား? ဟုတ်ပါတယ်၊ အစာစားပြီးနောက် ပူစီနံစားခြင်းက အစာအိမ်ကို သက်သာစေပါတယ်။ ၂။ ပါးစပ်နံ့ဆိုး ဖယ်ရှားပေးသည် ပူစီနံသည် သဘာဝ antibacterial ဖြစ်သောကြောင့် ခံတွင်းနံ့ဆိ...

အိုးနဲ့ တူတဲ့ လူ သုံးမျိုး➖➖➖➖➖➖➖လောကကြီးမှာအိုးနဲ့ တူတဲ့ လူသုံးမျိုး ရှိကြတယ်။ (၁)မပြည့်တဲ့ အိုးမပြည့်တဲ့အိုးဘောင်ဘင်ခတ် ဆိုသလိုနည်းနည်းသိပြီးစကား ဟောင်ဖွာဟောင်ဖွာနဲ့အများကြီး ပြောချင်တဲ့ သူမျိုးပါ။အခြေအနေမှန်ကိုလည်းကောင်းစွာ မသုံးသပ်အရိပ်အကဲကိုလည်း နားမလည်ကိုယ်ပြော ချင်တာကိုပဲဇွတ်အတင်းပြောတတ်ပါသေးတယ်။ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေတတ်ပြီးအရူး ၊အပေါ ၊စိတ်မမှန်သူ လို့ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။(၂)ပြည့်နေပြီ လို့ထင်နေတဲ့အိုး ပြည့်နေပြီလို့ထင်နေရတဲ့အိုးဟာအရာရာ ငါသိ ငါတတ် ငါသာလျှင်အမြတ်ဆုံး လို့သွေးနားထင်ရောက်ကာမိမိကိုယ်ကို အထင်ကြီးဘဝင်လေဟပ်နေသူမျိုးပါ။ဘာမဆိုသိပြီးသားတတ်ပြီးသား အချိုးမျိုးနဲ့အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံတတ်ပါသေးတယ်၊စကားပြော မောက်မာခက်ထန်တတ်ပြီးအမြဲလိုလိုဆရာကြီး ဂိုက်ဖမ်းနေတတ်ကာကိုယ့်ကိုယ်ကိုဖြည့်စရာ မလိုလောက်အောင်ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။ဒီအိုးလို သူမျိုးဟာပတ်ဝန်းကျင်ရဲ့ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါအရာ မရောက်တော့တဲ့ဘဝအခြေအနေမျိုးအထိ ကြုံရတတ်ပါတယ်။(၃) ဘာဆို ဘာမှမရှိသေးတဲ့အိုး ဘာမှမရှိတဲ့အိုးမျိုးဟာအရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်းအပြည့်ရှိနေပြီး ငါ သိစရာငါ တတ်စရာ တွေအများကြီး ရှိနေပါသေးလား ဆိုတာသိနေတဲ့ လူမျိုး ပါ။သူများကိုအထင်မသေးတတ်သလိုကိုယ့်ကိုယ်လည်းအထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။ဒီ အိုးလို သူမျိုးကသာပညာပြည့်ဝ နှလုံးလှပြီးလောကအလယ် ဂုဏ် မငယ်ရဘဲလူချစ် လူခင်များသထက်များနေကာပတ်ဝန်းကျင်ရဲ့အထင်ကြီး လေးစားမြတ်နိုးမှုကိုအထူး ခံစားရပါလိမ့်မယ်။ကဲဘယ်လို အိုးမျိုး ဖြစ်နေလဲကိုယ့်ကိုယ်ကို မလိမ်ညာဘဲရဲရဲဖြေကြည့်ပါ။သိ ပြီဆိုရင် ပြင်သင့်တာပြင်ပြုသင့်တာပြုအပြောအဆို ချိုသာယဉ်ကျေးပြီးမှန်ကန်ကောင်းမြတ်အကျိုးရှိတဲ့ စကားမျိုးသာအလေးထား ဂရုစိုက်ပြောဆို ဆက်ဆံတတ်ပါစေဗျာ #Credit#စာအုပ်စာပေလူ့မိတ်ဆွေ

မြန်မာ့ ဂဏန်းသချင်္ာမှာ ကုဋေ ပြီးရင် ဘာလာလဲ

မြန်မာ့ ဂဏန်းသချင်္ာမှာ ကုဋေ ပြီးရင် ဘာလာလဲ မသိသေးသူများအတွက် ကုဋေ ပြီးရင် ဘာလာလဲ။ ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။ ငယ်၊စဉ်၊ကြီး၊လိုက် ဆိုရသော်ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊ ပုဏ္ဍရိက ၊ ကထာန ၊ မဟာကထာန ၊ အသင်္ချေ ဆိုပြီးရှိပါတယ်။ ခု ကနေ ကုဋေ အထိကို သုည တစ်လုံးစီတိုးခြင်းဖြင့် သွားပါတယ်။ ဆယ် = 10 ရာ = 100 ထောင် = 1000 သောင်း = 10000 သိန်း = 100000 သန်း = 1000000 ကုဋေ = 10000000 ဆိုပြီး သုညတစ်လုံးစီ တိုးခြင်းဖြင့် အစဉ်လိုက်သွားပါတယ်။ ကုဋေပြီးလို့ ကောဋိ ကနေ အသင်္ချေ အထိက အဆင့်တစ်ခုတက်တိုင်း သုည (၇) လုံးစီ တိုးရပါတယ်။ ကောဋိ = 1 × 10^14 ပေကာဋိ = 1 × 10^21 ကောဋိပကောဋိ = 1 × 10^28 နဟုတံ = 1 × 10^35 နိန်နဟုတံ = 1 × 10^42 အက်ခဘေိဏီ = 1 × 10^49 ဗိန္ဒု = 1 × 10^56 ...

Click နည်း

၁၀ second လောက်စောင့်ပေးပြီး ပြန်ထွက်လို့ရပါပြီ ကျေးဇူးတင်ပါတယ်ခင်ဗျာ

အလောင်းတော် ကဿပ

*******အလောင်းတော် ကဿပ ဘုရား သမိုင်း******* 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏       ဂါမရွာမှ ပိပ္ပလိလုလင်ပျို အသက်နှစ်ဆယ်ပြည့်အရွယ်တွင် မယ်ဘဒ္ဒါရဲ့မိဘများနှင့် နှစ်ဘက်မိဘတိုင်ပင်၍ ထိမ်းမြား ပေးရန် စီစဉ်သည်။ ပိပ္ပလိသည် မယ်ဘဒ္ဒါအား ‘မိဘများကွယ်လွန်သွားလျှင် လူ့ဘောင်ကို စွန့်၍ သင်္ကန်းစီးပြီးတောထွက်မည်ဟု စိတ်ပိုင်းဖြတ်ထားပါသည် ။        ဤဘဝတွင် အရှည်မနေရ၍ သင်ချစ်နှမမှာ လင်ပြစ်မလေး ဖြစ်မည့်အရေးကို တွေးသနားပြီး တခြား သူနှင့် အရွယ်တူ စိတ်တူ ကြံစည်ပါလော့’ ဟု ချော့၍ လွှတ်လိုက်ရသည် ။       မယ်ဘဒ္ဒါလည်း အိမ်သူရှင်မ မဖြစ်ရအောင် ခယ တောင်းပန်အကြောင်းပြန်စာ ပေးပို့ပါလည်း ရေစက်ပါ၍ မပြတ်နိုင်ဘဲ မင်္ဂလာပွဲဖြစ်မြောက်ခဲ့သည် ။      တဏှာကာမလွန်စွာ စက်ဆုပ် ညှီနံပုတ်ဟု အဟုတ်ရွံရှာမုန်းတာကြောင့် နှစ်ယောက်အတူ အိပ်စက်သောအခါ ပန်းကုံး ခြား၍ သွေဖီတစ်မျိုး စိတ်ဖောက်ပြားပါက ပန်းကုံးညှိုးပါစေဟု ဒိဌာန်ပြုပြီး နေခဲ့ကြသည်။      နှစ်ဘက်မိဘများ ကွယ်လွန်သွား သောအခါ သံဝေဂပိုရပြီး ရှေ့တိုးနောက်ဆုတ်မပြုလုပ်ဘဲ အရာရာစွန့်၍ ခြေဦးတည့်ရာသွားတော့မည်။ စိတ...

လူသားတို့၏ လောဘများ

လူသားတို့၏လောဘများ..... လူတို့သည် မဟာပထဝီမြေကြီး ဖြစ်ပေါ်စဥ်ကတည်းက ရှိခဲ့ကြပေသည်။ အချိန်ကာလကြာလာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး အစာရေစာအတွက်တိုက်ခိုက်လာကြတယ်။ အဲ့ဒီ့ကနေတဆင့် အုပ်စုဖွဲ့နေထိုင်တိုက်ခိုက်ကြပြန်တယ်။ အဲ့ဒီ့ကနေ ဘာသာရေးတွေ အယူအဆတွေကွဲပြီးတိုက်ခိုက်ကြပြန်တယ်။ လူမျိုးကြီးဝါဒအတွက် နယ်မြေအတွက် သယံဇာတများကိုလက်ဝါးကြီးအုပ်ဖို့တိုက်ခိုက်လာကြတယ်။ နောက်ပိုင်းစီးပွားရေးအရပါတိုက်ခိုက်လာကြတယ်။ သေကြေမှုတွေများပြားလာကြတယ်။ စစ်တစ်ခုဖြစ်ရင် နှစ်ဦးနှစ်ဖက်စလုံး နစ်နာကြပေမယ့် ကြားထဲကပြည်သူလူထုကပိုနစ်နာကြတယ်။ အားလုံးဟာ လူသားတွေဖြစ်ပေမယ့် လူအသိစိတ်ပျောက်လာခဲ့ကြတယ်