ဒန့်ဒလွန်၏အကျိုးကျေးဇူးများ
ဒန့်ဒလွန်၏အကျိုး
ကျွန်တော်တို့မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးလေ့ရှိသော ဒန့်သလွန်သီးနှင့် ဒန့်သလွန်ရွက်တို့၏ အပင်ကို အင်္ဂလိပ်လိုအားဖြင့် Drumstick tree ဟုခေါ်ပြီး ရုက္ခဗေဒအရ 𝑴𝒐𝒓𝒊𝒏𝒈𝒂 𝒐𝒍𝒆𝒊𝒇𝒆𝒓𝒂 ဟုခေါ်ပါသည်။ ဒန့်သလွန်ပင်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းရာသီဥတု ရှိသောဒေသများတွင် ပေါက်ရောက်လေ့ရှိသည်။
ဒန့်သလွန်သီးကိုဖြစ်စေ၊ ဒန့်သလွန်ရွက်ကိုဖြစ်စေ၊ အသီးအတွင်းရှိ အနှစ်နှင့် အစေ့ကိုဖြစ်စေ စားသုံးခြင်းဖြင့် ယင်း၏ဆေးဖက်ဝင်အာနိသင်များ ရရှိနိုင်ပါသည်။ ထိုအစိတ်အပိုင်းများအနက် ဒန့်သလွန်အရွက်မှာ အစွမ်းအထက်ဆုံး ဖြစ်သည်။ ဒန့်သလွန်ရွက်ကို ချက်ပြုတ်စားသုံးကြသည့်အပြင် အရွက်ကို အခြောက်ခံ၍ အမှုန့်ကြိတ်ကာ အသုံးပြုလေ့လည်းရှိသည်။
ဒန့်သလွန်ရွက်ကို မကြာခဏစားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ-
• အာဟာရချို့တဲ့ခြင်းမှ ကာကွယ်ပေးခြင်း
• သွေးတိုးနှင့် နှလုံးရောဂါများမှ ကာကွယ်ပေးခြင်း
• ဆီးချိုသွေးချိုရောဂါ သက်သာစေခြင်း တို့ဖြစ်ပါသည်။
ဒန့်သလွန်ရွက်၏ အာဟာရတန်ဖိုးများ
……………………………………….
ဒန့်သလွန်ရွက်သည် အခြားသော အပင်မျိုးစိတ်များထက် အာဟာရဓာတ်များ စုံလင်ကြွယ်ဝ သောကြောင့် အာဟာရဓာတ် ချို့တဲ့ခြင်းမှ ကာကွယ်ပေးရာတွင် များစွာအထောက်အကူပြုသည်။ လိမ္မော်သီးတွင် ပါဝင်သော ဗီတာမင်စီထက် (၇) ဆ၊ မုန်လာဥနီတွင် ပါဝင်သော ဗီတာမင်အေထက် (၁၀) ဆ၊ နို့တွင် ပါဝင်သော ကယ်ဆီယမ်ထက် (၁၇) ဆ၊ ဒိန်ချဉ်တွင် ပါဝင်သော ပရိုတင်းထက် (၉) ဆ၊ ငှက်ပျောသီးတွင် ပါဝင်သော ပိုတက်ဆီယမ်ထက် (၁၅) ဆ နှင့် ဟင်းနုနယ်တွင် ပါဝင်သော သံဓာတ်ထက် (၂၅) ဆ ပိုမိုပါဝင်ကြောင်း တွေ့ရပါသည်။ ထို့အပြင် ဖော့စရပ်၊ ကြေးနီ၊ ဗီတာမင်အီး၊ ဗီတာမင်ဘီဓာတ်များ၊ ဖောလစ်အက်ဆစ်၊ ဘီတာကယ်ရိုတင်းဓာတ်များနှင့် ခန္ဓာကိုယ်ကျန်းမာရေး အတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ် (၁၀) မျိုး စသဖြင့် အာဟာရဓာတ် များစွာ ပါဝင်နေပါသည်။
ခရက်ဒစ် ဒေါက်တာခင်မောင်လွင်
ရိုသေလေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်
